သရုပ်ဆောင်ဒွေး ပါဝင်ရိုက်ကူးမည်ဆိုခဲ့သည့် “ငါတို့သည်”ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မည်ဟု  ထွန်းကိုကို ပြော

မန္တလေး ၁ ဇူလိုင် 

Grace Win Company Limited မှ ဖြန့်ဖြူး ရောင်းချသော Control Family Products သစ် မိတ်ဆက်ပွဲနှင့် အရောင်းကိုယ်စားလှယ်များအတွက် မိတ်ဆုံစားပွဲကို တက်ရောက်လာတဲ့ သရုပ်ဆောင် ထွန်းကိုကိုက လက်တလောအနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့သည်။ 

“ငါတို့သည်”ရုပ်ရှင်ဇာတ်ကားတွင် အလင်းရောင် ၊ ခါရာ ၊ ထွန်းကိုကို ၊ တိုင်ရွန် ၊ ထူးခြား ၊ ရွှေပိုးအိမ် ၊ ရွှေသမီး ၊ မေနန္ဒာကျော် ၊ အဓိကမေ ၊ လမင်းကဗျာ ၊ ချစ်စုစုဟန် တို့ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) က ရိုက်ကူး ပုံဖော်မည်ဖြစ်ကြောင်းသိရသည်။ 

အိမို့မို့ခိုင်