သရုပ်ဆောင်မိုးအောင်ရင် လူမှုအကျိုးပြုလုပ်ငန်းများ လုပ်မည်ဟုဆို

၂၀၁၉ခုနှစ်အတွင်း တတိယအကြိမ်မြောက်အဖြစ် ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ကို နိုင်ငံတော်သမ္မတရုံးက မေ ၇ ရက် ရက်စွဲဖြင့် ကြေညာခဲ့ရာ မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသော သရုပ်ဆောင် မိုးအောင်ရင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

မိုးအောင်ရင်ကိုမွေးဖွားပေးခဲ့သည့် လပ်ကီးဆဲဗင်း ထုတ်လုပ်ရေးမှ ကိုအုန်းဝင်းက မိုးအောင်ရင်အတွက် ပီတိစကားကို ယခုလိုပြောပြလာသည်။

“ကောင်းပါတယ်၊ ဘာပဲပြောပြော မျက်နှာကြည်ကြည်လင်လင်နဲ့၊ သူအထဲမှာလည်း အင်္ဂလိပ်စာတွေပြခဲ့တယ်။ စာတွေလည်း အများကြီးဖတ်ခဲ့တယ်။ ကြိုးကြိုးစားစားနေခဲ့တယ်။ ရှိတဲ့ပညာလေးကိုလည်း အသုံးချခဲ့တယ်။ ထောင်ပိုင် ကြီးတွေလည်း သူ့ကို ချီးကျူးကြတယ်။ အဲ့ဒါကိုကြားရတော့ ပိုပြီးဝမ်းသာတယ်။ သူထွက်လာပြီဆိုတော့ သူလူမှု အကျိုးပြုတွေ လုပ်မယ်ပြောတယ်။ ဘာပဲပြောပြော ဒီလိုမျိုး ထွက်လာတဲ့အတွက် သူ့ဘဝကို အသစ်ပြန်စခွင့်ရတဲ့ အတွက် ပိုပျော်ရွှင်မိပါတယ်။ အနုပညာ အလုပ်တွေကတော့ သူ့အပေါ်မှာပဲ မူတည်တာပေါ့နော်။ လတ်တလောမှာတော့ နှစ်ဦးနှစ်ဖက်လုံးမစဉ်းစားရသေးဘူး။ လက်ရှိမှာတော့ သူလူမှုရေးကိစ္စတွေ အရင်လုပ်မယ်ပေါ့နော်။ လူမှုရေးကိစ္စတွေ လုပ်ပြီးတော့မှပဲ ကျန်တဲ့ဟာတွေ ဆက်လုပ်သွားကြမယ်”ဟု ဆိုသည်။

ဝေလင်း