STAR WARS ဇာတ်ကားသစ် နှစ်ပတ်ဆက်တိုက် ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်နေ

၂၅ ဒီဇင်ဘာ

 

ဒီဇင်ဘာ လအတွင်းက စတင်ဖြန့်ချိပြသခဲ့သည့် သိပ္ပံအက်ရှင်ဇာတ်ကား Star Wars: The Last Jedi သည် စတင်ရုံတင်ပြသချိန်မှ ယနေ့တိုင် နှစ်ပတ်ဆက်တိုက် ရုံဝင်ငွေအများဆုံးအဖြစ် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ဟောလိဝုဒ်ရုံဝင်ငွေစာရင်းများကို အပတ်စဉ်ဖော်ပြပေးနေသည့် BoxOfficeMojo.com က ဒီဇင်ဘာ ၂၄ ရက်က ထုတ်ပြန်သည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် နောက်ဆုံးထွက်ရှိသည့် Star Wars  ဇာတ်ကားသည် ရုံဝင်ငွေ ၆၈ ဒသမ ၅ သန်း ဖြင့် ရုံဝင်ငွေအများဆုံး နံပါတ် ၁ နေရာတွင် ရပ်တည်ခဲ့ပြီး      အက်ရှင်ဇာတ်ကား Jumanji: Welcome က ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၄ သန်းနဲ့ ဒုတိယနေရာ၊ ဟာသဇာတ်ကားတစ်ကားဖြစ်တဲ့ Pitch Perfect 3 က ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၅ သန်းနဲ့ တတိယနေရာ တို့မှာ ရပ်တည်နေကြောင်း သိရပါတယ်။

mdn

 

ဝင်ငွေအများဆုံးရခဲ့တဲ့ Star Wars: The Last Jedi  ဇာတ်ကားဟာ Star Wars ဇာတ်လမ်းတွဲတွေရဲ့ ၈ ကားမြောက် ဇာတ်ကားဖြစ်ပြီး The Force awakens ဇာတ်ကားရဲ့ နောက်ဆက်တွဲ သိပ္ပံဇာတ်ကား တစ်ကားလည်း ဖြစ်ပါတယ်။

 

ဖြိုး (MDN)