သထုံမြို့နယ် ကလိကျွန်းကျေးရွာတွင် မီးဖိုမီးကြွင်းမီးကျန်မှ လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

သထုံ    ၁၉    မတ်    

 

မွန်ပြည်နယ် သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာတွင် မတ်လ ၁၉ ရက်၊ နံနက် ၁၁ နာရီခန့်က မီးမိုဆောင် မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကလိကျွန်းကျေးရွာနေ ဒေါ်ညွန့်၏ အလျားပေ (၃၀) ၊ အနံ(၁၃)ပေခန့်ရှိ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးနေအိမ်ရှိ မီးဖိုဆောင် မီးသွေးမီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်သို့ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဝန်းကျင်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ကြကြောင်း၊ မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ပတ်ဝန်းကျင်သို့ မီးကူးစက်လောင်ကျွမ်းမှုမရှိကြောင်း သိရသည်။

 

အဆိုပါ မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ သိမ်ဆိပ်နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သက်ဦး(သထုံ)