သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများ စတင်ဆောင်ရွက်

သထုံ  မေ    ၂၃

 

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက စတင် လက်ခံပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများက လာရောက်အပ်နှံလျက်ရှိပြီး တာဝန်ရှိသူများက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။

 

သထုံမြို့နယ်အတွင်း မေ ၂၃ ရက်မှ ဇွန် ၂ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ကာ အခြေခံပညာကျောင်းများတွင် တာဝန်ရှိသူတို့က KG တန်းမှ Grade 12 အထိ စနစ်တကျ ကျောင်းအပ်လက်ခံပေးနေကြပြီး ပညာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံတို့ အခမဲ့ထောက်ပံ့ပေးလျက်ရှိသည်။

 

သထုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ အထက်တန်းနှင့်  အထက်န်းကျောင်းခွဲ‌ပေါင်း ၂၁ ကျောင်း၊ အလယ်တန်း၊ အလယ်တန်းကျောင်းခွဲနှင့် မူလွန်ကျောင်းပေါင်း ၄၆ ကျောင်း၊ မူလတန်းနှင့် မူလတန်း(ခွဲ) ကျောင်းပေါင်း ၁၀၆ ကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း ၁၇၃ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၇ ကျောင်း ဖွင့်လှစ်မည်ဖြစ်ပြီး ယခင်နှစ်က ကျောင်းသား ကျောင်းသူပေါင်း ၄၂၉၆၇ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

(ခရိုင် ပြန်/ဆက်)

 

 

 

0572040059