သထုံ၌ တံတားတိုးချဲ့ပြုပြင်နေသည့် နေရာတွင် ကားများ မဆင်မခြင်မောင်းနှင်ရာမှ ယာဉ်များ ဆင့်ကဲတိုက်မူဖြစ်ပွား

သထုံ ၁၇ ဖေဖော်ဝါရီ

 


မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု သာယာကုန်းကျေးရွာ အရှေ့ပိုင်း လမ်းတံတားပြုပြင်နေသည့် အနီးတွင် မဆင်မခြင်မောင်းနှင်မူကြောင့် ဖေဖေါ်ဝါရီ ၁၇ ရက် နံနက် ၁၀ နာရီခွဲက ကားခြောက်စီး ဆင့်ကဲတိုက်မိပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

 


ယာဉ်တိုက်မူဖြစ်ပွားရာနေရာသို့ သထုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးအောင်နှင့် တပ်ဖွဲ့ဝင်များ လာရောက်ကြည့်ရှုစစ်ဆေးရာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီး မိုင်တိုင်အမှတ် ၁၄၄/၁ နှင့် ၁၄၄/၂ အကြား FAMOUS စက်သုံးဆီအရောင်းဆိုင်အနီး တံတားအမှတ် ၁/၁၄၅ တွင် ရန်ကုန်မြို့ဘက်မှ သထုံမြို့ဘက်သို့ မောင်းနှင်လာသည့် NISSAN Clipper အမျိုးအစား MON 5N-xxxx အဖြူရောင်ယာဉ်သည် အခြားယာဉ်နှစ်စီးဖြင့် ပွတ်တိုက်မိပြီး လမ်းဘေးတံတားအနီးတွင် ရပ်နေစဉ် အနောက်မှ ရပ်နေသည့် YGN 9E-xxxx နံပါတ်ပါ စူပါကာစတန် ခဲ/မဲရောင်ယာဉ်အား လားရာတူဘက်မှ အမည်မသိ (ယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်) မောင်းနှင်လာသည့် ဘုရားဖူးယာဉ် ကင်တာအမျိုးအစား ဟွန်ဒါတူး YGN 1/F- xxxx ယာဉ်က တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော မန္တလာမင်းခရီးသည်တင်ယာဉ်အား တိမ်းရှောင်ရာမှ အရှိန်မထိမ်းနိုင်ဘဲ ရှေ့မှ စူပါကာစတန်ယာဉ်အား ဝင်တိုက်မိခဲ့ကြောင်း၊ ၎င်းကားမှ တစ်ဖန်ရှေ့မှ ရပ်ထားသော NISSAN Clipper ကားကို ထပ်မံတိုက်မိပြီး အဆိုပါ ကားမှာ တံတားအောက်သို့ ထိုးကျသွားကြောင်း၊ ဖြစ်စဉ်ကြောင့် ကားပေါ် ပါလာသူ ခရီးသည်များအပြင် ဒေသခံ ကူညီသူနှစ်ဦး အပါအဝင် စုစုပေါင်း ၁၁ ဦး ဒဏ်ရာများ အသီးသီးရရှိကြသဖြင့် လူမှုကူညီရေးကားများဖြင့် သထုံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသပေးကာ စိုးရိမ်ရ လူနာနှစ်ဦးရှိကြောင်း ကနဦး သတင်းများအရ သိရသည်။

 


ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သတ်၍ မြို့မရဲစခန်း(သထုံ)မှ စုံစမ်းစစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

 


ခွန်(ဝင်းပ)

 

ေ