သထုံနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၁၄  ဩဂုတ်


မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၃ ရက် ည ၉ နာရီခွဲက သတင်းအရ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ စားသောက်ဆိုင်၌ စောင့်ဆိုင်းနေစဉ် စိုင်းကျော်နိုင်(ခ)ကျော်ကျော် မောင်းနှင်လာသည့် Honda Fit အမျိုးအစားမော်တော်ယာဉ် ရောက်ရှိလာသဖြင့် စစ်ဆေးရှာဖွေရာ ငွေကျပ် ၃၉,၂၇၅ သိန်း တန်ဖိုးရှိ  အိုက်စ် ၂၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၆၅,၅၀၀၊ မြန်မာ ငွေကျပ် ၁၀၀,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 


အလားတူ ယင်းနေ့ နံနက် ၃ နာရီ ၁၅ မိနစ်က တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ကားဝပ်ရှော့ရှေ့တွင် စစ်ဆေးရေး ဆောင်ရွက်နေစဉ် Fortuner အမျိုးအစားမော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းရာ ယာဉ်မောင်းမှာ မော်တော်ယာဉ်ပေါ်မှဆင်း၍ ထွက်ပြေးသွားသောကြောင့် ၎င်းမော်တော်ယာဉ်အား စစ်ဆေးရှာဖွေခဲ့ရာ ငွေကျပ်သိန်း ၉၃,၇၅၀ တန်ဖိုးရှိ အိုက်စ် ၃၇၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 


သတင်းစဉ်