သတ္တမအကြိမ်မြောက် မန္တလေးတောင် ဖိတ်ခေါ်တောင်တက် Mountain Bike ပြိုင်ပွဲနှင့် တောင်ဆင်းလမ်းကြမ်း Down Hill ပြိုင်ပွဲ ကျင်းပမည်

သတ္တမအကြိမ်မြောက် မန္တလေးတောင် ဖိတ်ခေါ်တောင်တက် Mountain Bike ပြိုင်ပွဲနှင့် တောင်ဆင်းလမ်းကြမ်း Down Hill ပြိုင်ပွဲကို ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းထွန်းက ပြောသည်။

 

အဆိုပါပြိုင်ပွဲတွင် Cross bike ပြိုင်ပွဲနှင့် Down Hill ပြိုင်ပွဲ အမျိုးအစားနှစ်မျိုးပါဝင်ပြီး Cross bike ပြိုင်ပွဲတွင် ပါ ဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် ၆၀၀ ခန့်ပါဝင်မည်ဖြစ်ကြောင်းနှင့် Down Hill ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၄၅ ဦးခန့် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 

“ဒီပြိုင်ပွဲကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကျွန်တော်တို့ စက်ဘီးစီးအဖွဲ့ချုပ်ရဲ့ လမ်းညွှန်ချက်တွေနဲ့ MFR Mandalay Free Rider စက်ဘီးစီးအဖွဲ့က ကြီးမှူးကျင်းပသွားမှာပါ။ ပြိုင်ပွဲကို G-SHOCK နာရီ ထုတ်လုပ်ခြင်း ၃၅ နှစ်ပြည့်အနေနဲ့ ကျင်းပသွားမှာလည်းဖြစ်လို့ G-SHOCK Bike Challenge လို့ နာမည်ပေးထားပါ သေးတယ်။”ဟု ၎င်းက ပြောသည်။

 

 

 

ပြိုင်ပွဲယှဉ်ပြိုင်မည့် လမ်းကြောင်းအနေဖြင့် ၈၂ လမ်း၊ ၂၆ လမ်းထောင့်မှ စတင်တာလွှတ်၍ ၂၆ လမ်းမှတစ်ဆင့် ၆၆ လမ်း၊ ၆၆ လမ်းမှတစ်ဆင့် ၁၉ လမ်း၊ ၁၉ လမ်းမှ တစ်ဆင့် ရန်ကင်းတောင်တက်အဆင်းလမ်းအတိုင်း တက်ပြီး ရန်ကင်းတောင်တက်လမ်းအတိုင်း ပြန်လည်ဆင်းကာ တောင်သုံးလုံးလမ်းကြောင်းအတိုင်း လမ်းပြောင်းပြန် လယ်တောလမ်းကြမ်းကို စီးနင်းပြီး မန္တလေးတောင်အဆင်းလမ်းမှ တောင်ပေါ်တက်၍ တောင်ထိပ်တွင် ပန်းဝင် ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

 

သတ္တမအကြိမ်မြောက် မန္တလေးတောင် ဖိတ်ခေါ်တောင်တက် Mountain Bike ပြိုင်ပွဲနှင့် တောင်ဆင်းလမ်းကြမ်း Down Hill ပြိုင်ပွဲတွင် ဆုရရှိသူများအား ပထမဆုအနေဖြင့် ဆုငွေကျပ် တစ်သိန်းနှင့်အတူ ငွေကျပ်တစ် သိန်းကိုးသောင်းတန်ဖိုးရှိ G-SHOCK နာရီတစ်လုံး၊ ဒုတိယဆုအနေဖြင့် ငွေကျပ် ခုနှစ်သောင်းနှင့်အတူ ငွေကျပ် တစ်သိန်းကိုးသောင်းတန်ဖိုးရှိ G-SHOCK နာရီတစ်လုံး၊ တတိယဆုအနေဖြင့် ငွေကျပ် ငါးသောင်းနှင့်အတူ ငွေကျပ်တစ်သိန်းရှစ်သောင်းတန် G-SHOCk နာရီတစ်လုံး၊ စတုတ္ထဆုအနေဖြင့် တစ်သိန်းကိုးသောင်းတန်ဖိုးရှိ G-SHOCK နာရီတစ်လုံးနှင့် ပဉ္စမဆုအနေဖြင့် ငွေကျပ်တစ်သိန်းရှစ်သောင်းတန်ဖိုးရှိ G-SHOCH နာရှီတစ်လုံး တို့ကို ချီးမြှင့်သွားမည်အပြင် Lucky Draw အစီအစဉ်အဖြစ် G-SHOCK နာရီများကို မဲနှိုက်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အေပီကေ(မန်းကိုယ်ပွား)