သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးကြေညာချက်

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ် တကျကွပ်ကဲလျက်ရှိပါသည်။

 

၂။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့်  အလှကုန် ပစ္စည်းများကိုစစ်ဆေးခဲ့ရာ အောက်ဖော်ပြပါအလှကုန်ပစ္စည်း (၁၂)မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေး အန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများ ပြည်သူလူထု သုံးစွဲရန်မသင့်တော်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

၂၀၂၀ပြည့်နှစ်၊ ဇွန်လနှင့် ဇူလိုင်လအတွင်း သုံးစွဲရန်မသင့်ဟု စစ်ဆေးတွေ့ရှိသည့် အလှကုန်ပစ္စည်းများစာရင်း

 

111112222223333444455556666

 

၃။ တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက် များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ် ပျက်စီးခြင်းနှင့်အခြားရောဂါများ ဖြစ်ပွားနိုင်ပါသည်။ အရောင်ဆိုးဆေးများသည် အဝတ်အထည်များ အရောင်ဆိုးရာတွင် အသုံးပြုသော ဓါတုပစ္စည်းဖြစ်၍ ရေရှည်သုံးစွဲပါက နှုတ်ခမ်းကင်ဆာ၊ အစာအိမ် အူလမ်းကြောင်းကင်ဆာနှင့်   ကျောက်ကပ်ရောဂါများဖြစ်ပွားနိုင်ပါသည်။

 

၄။ အလှကုန်ပစ္စည်းတင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့်ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူ သုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများ ကို ကျင့်ဝတ်(Ethic)အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက် ခြင်းမရှိပါက သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။                           

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန