သုံးခွမြို့နယ် နန်းခလဲစံပြကျေးရွာ၌ ကျေးရွာသစ်‌လှုပ်ရှားမှုစီမံကိန်း ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်း

သုံးခွ မေ ၂၁

 

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် နန်းခလစံပြကျေးရွာတွင် ကိုရီးယားနိုင်​ငံ KOICA အဖွဲ့ ၏ကူညီ​ထောက်​ပံ့မှု ဖြင့်ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း(မြန်​မာဆယ်​မာအူးလ်​အွန်​ဒုန်​)စီမံကိန်း​လုပ်ငန်းကို အ​ကောင်​အထည်​ဖော်​ဆောင်ရွက်ခဲ့ပြီး စီမံကိန်းလွန်ကာလတွင်လည်း လူ​မှုဘဝဖွံ့​ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်​လျက် ရှိကြောင်းသိရှိရသည်။

 

အဆိုပါ‌ကျေးရွာတွင်‌ စီမံကိန်း၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သောလူနေမှု ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေရေးအစီအစဉ်ဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ရာသီမရွေး ပြည်သူများ သွားလာရေးအဆင်ပြေစေ ရန်ရွာတွင်းရှိဒေါ်မြမေလမ်း အရှည် ၆‌၁၂ ပေ၊ အကျယ်ရှစ်ပေ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မေ ၁၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ မေ ၂၀ ည‌နေက ပြီးစီးသွားကြောင်း သိရသည်။

 

ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို စီမံကိန်းရန်ပုံငွေနှင့် ပြည်သူများမှ ထည့်ဝင်ငွေများဖြင့်‌ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နန်းခလဲစံပြကျေးရွာ၊ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကော်မတီဥက္ကဋ္ဌ ဦးတင်လင်းနှင့် ကော်မတီဝင်များက ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ကျေးရွာနေပြည်သူများ၏ အလှူငွေသာမက လုပ်အား ဒါန၊ အာဟာရဒါနပါ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကျော်(သုံးခွ)