သုံးခွမြို့နယ်တွင် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

နေပြည်တော် ၁၉  ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွဲမြို့နယ်၊ မှိုကုန်းသာကျေးရွာ၌ ဇူလိုင်လ ၁၈ ရက်နေ့ ည ၈ နာရီတွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁ လုံး မီးလောင် ဆုံးရှုံးကာ လူ ၁ ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ သန်းဇော်(၃၆)နှစ်၏ နေအိမ်နောက်ဖေး မီးဖိုဆောင်၌ ရေနွေးအိုးတည်ထားသော မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး ကျေးရွာနေ ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ မိနစ် ၂၀  အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် နေအိမ်နှင့် ပရိဘောဂပစ္စည်းများ  ပျက်စီးဆုံးရှုံးခဲ့ပြီး သန်းဇော်နှင့် ဇနီးဖြစ်သူ မမေစိုးမွန်(၃၃)နှစ်တို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့သောကြောင့် သန်းဇော်အား ကတုံးပေါ် နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား