သုံးလကြာ အပိတ်ခံထားရပြီးနောက် အင်္ဂလန်တွင် အရက်ဘားများပြန်လည်ဖွင့်လှစ်ခွင့်ပေး

လန်ဒန်   ၆  ဇူလိုင်

အင်္ဂလန်တွင် သုံးလကြာ အရက်ဘားများပိတ်ထားခံရပြီးနောက် ယခုအခါ လူအချင်းချင်း ခပ်ခွာခွာနေရေး စည်းမျဉ်း စည်းကမ်းများနှင့်အတူ ပြန်လည်ဖွင့်လှစ်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

အရက်ဘားများသည် ဗြိတိန်နိုင်ငံ၏ ရှေးရိုးစဉ်လာ လူနေထိုင်မှုပုံစံဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေသည့် မတ်လနှောင်းပိုင်းမှ စတင်ကာ ပိတ်ထားရန် အမိန့်ထုတ်ခဲ့သည်။

လန်ဒန် မြို့တစ်ဝိုက်တွင်လည်း ဇူလိုင် ၄ ရက်က အရက်ဆိုင်များပြန် ဖွင့်ခွင့်ရပြီး ဘီယာသောက်သုံးသူများ၊ မိတ်ဆွေ သူငယ်ချင်းများနှင့်တွေ့ ဆုံသူများကိုလည်း မြင်တွေ့နေရသည်။ ဆိုင်အတွင်း စားပွဲများကိုတစ်မီတာစီ ခြားထားပြီး အွန်လိုင်းမှတစ်ဆင့် ကြိုတင်နေရာ မှာယူထားရန်လည်း လိုအပ်သည်။ ဗိုင်းရပ်စ်ကူးစက်ခံရပါက နောက်ကြောင်းလိုက်ရ လွယ်ကူရန် ဆိုင်ထိုင်သောက်သုံးသူများသည် ၎င်းတို့၏ ဖုန်းနံပါတ်နှင့် ကိုယ်ရေး အချက်အလက်များကို မှတ်ပုံတင်ထားရန် လိုအပ်သည်။

ဗြိတိန်နိုင်ငံ အလယ်ပိုင်းရှိ လက်စတာမြို့တွင်မူ ကူးစက်မှု တစ်ဖန်မြင့်တက်လာသည့်အတွက် စားသောက်ဆိုင်များနှင့် အရက်ကားများကို ဖွင့်လှစ်ခွင့် မပေးသေးပေ။

လာရောက်သောက်သုံးသူများနှင့် ဝန်ထမ်းများ၏လုံခြုံ စိတ်ချရရေးအတွက် အရက်ဆိုင်ပိုင်ရှင်များသည် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဘီယာနှင့်အရက်ဘာများအသင်းမှ အမှုဆောင်အရာရှိ အမ်မာမက်ကလာကင်က ပြောသည်။

အင်န်အိတ်ချ်ကေ