သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၁ ရက်တွင် ရုံတင်ပြသမည်

ရန်ကုန် ၁၆ ဇူလိုင် 

သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၁ ရက်မှစ၍ ရုံတင်ပြသမည်ဖြစ်ကြောင်း ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ Junction City promotion area ၌ ပြု လုပ်သည့် မီဒီယာမိတ်ဆက်ပွဲမှ သိရသည်။

 

4526

 

သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ထူးပိုင်ဇော်ဦး၊ အကယ်ဒမီလွင်မိုး၊ အကယ်ဒမီထွန်းအိန္ဒြာဗို၊ အကယ်ဒမီဖွေးဖွေး၊ လင်းဇာနည်ဇော်၊ မြတ်နိုးအေး၊ ကူးကူးဇင်အောင်၊ ချာလီ၊ ရှိန်းတင်ထူး၊ ဂျိုကာ၊ မော်ရိန်းလုဆန်၊ အားကိုးရာ၊ ဇာတ်ညွှန်း ခမ်းမွန်၊ Director Of Photography မောင်မောင်သာမြင့်တို့က ၂၀၁၇ ခုနှစ်က စတင်ရိုက်ကူးပုံဖော်ထားပြီး GOOD OLD DAYS ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားသည်။ 

“ကျွန်တော်ရိုက်လိုက်တဲ့ ရုပ်ရှင်ဇာတ်ကားပါလားလို့ နောင်မှာ ပြန်ပြီး ဂုဏ်ယူချင်တာမို့ မြန်မြန်ရိုက်သွားဖို့ ခက်ခဲမှုရှိပါတယ်။ ဒါ့ကြောင့် သူစိမ်းအိမ်မှာ ဇာတ်လမ်း၊ ဇာတ်ညွှန်းအတွက်ကို ရှစ်လကြာ အချိန်ပေးလုပ်ခဲ့တယ်။ ည ကားတုန်းက ကိုယ့်က ဒါရိုက်တာအသစ်၊ သရုပ်ဆောင်သစ်တွေနဲ့ဆိုတော့ အေးအေးဆေးဆေး ဖြစ်တယ်။ အခု ကားရိုက်တဲ့အချိန်မှာ ပရိသတ် ယုံကြည်မှုပိုရအောင်၊ ယုံကြည်မှုရပြီးသား ပရိသတ်တွေ ဆက်ပြီးခိုင်မာအောင် ကြိုးစားရတယ်။ အဲဒါကြောင့် အချိန်ယူခြင်း ဖြစ်ပါတယ်” ဟု ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပြောသည်။ 

သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားမှာ ညှင်းဆဲနှိပ်စက်သတ်ဖြတ်သည့် ဇာတ်ဝင်ခန်းများပါရှိသဖြင့် ကလေးသူငယ်များ၊ ၁၈ နှစ်အောက် မိန်းကလေးများ မိဘခွင့်ပြုမှသာ လာရောက်ကြည့်ရှုရန် အသိပေးထားသည်။  

သန့်ဇင်ဝင်း