သုဝဏ္ဏဝတီမြို့၌ ချောင်းအတွင်း ငါးဆင်းရှာစဉ် လူတစ်ဦး ရေနစ်သေဆုံး 

သုဝဏ္ဏဝတီ ၃  ဇူလိုင် 


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက်တွင် ဇူလိုင် ၂ ရက် ည ၁၀ နာရီခွဲခန့်က ချောင်းအတွင်း ငါးဆင်းငုပ်ရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါ သတင်းအရ သိမ်ဆိပ်နယ်မြေရဲစခန်းမှူး ရဲအုပ်လင်းသူအောင်၊ ရဲတပ်ဖွဲ့ဝင်များ၊ အသိသက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ကျိုက္ကော် သိမ်ဆိပ်ချောင်းအနီးတွင် နေထိုင်သူ မောင်ချောချော (၂၃)နှစ် ရွှေလှေတန်းပိုင်း၊ သိမ်ဆိပ်ရပ်ကွက်နေသူသည် ချောင်းအကျယ် ပေ ၃၀၊ ရေအနက် ပေ ၈ ရှိ ချောင်းဘေးတွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ ရေနစ်သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ ချောင်းအတွင်း ငါးဆင်းငုပ်ရာမှ ရေနစ်သေဆုံးကြောင်း ၎င်းဖခင်ဖြစ်သူ ဦးသန်းအေး ၏ ပြောပြချက်အရ သိရသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သိမ်ဆိပ်နယ်မြေရဲစခန်းမှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ခွန်(ဝင်းပ)