ဥပ‌ဒေအတွေး ရေးပါရစေ အပိုင်း(၂၁၉)

COVID-19 ကူးစက်ရောဂါဖြစ်ပေါ်နေချိန်ကာလအတွင်း မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် ပြဋ္ဌာန်းဥပဒေများ လိုက်နာရေး၊ အမိန့်ညွှန်ကြား ချက်များလိုက်နာရေး၊ စည်းလုံးညီညွတ်ရေး၊ နိုင်ငံတကာအမြင်ကြည်လင်ရေး၊ တိုင်းရင်းသားအချင်းချင်း ကူညီဆောင်ရွက်ရေးများ လက်တွေ့ကျင့်သုံး ဆောင်ရွက်နေကြပါပြီ။ စည်းလုံးညီညွတ်သည်နှင့်အမျှ ရောဂါအန္တရာယ် ဘေးမှ ကင်းဝေးကြမည်လည်း ဖြစ်ပါသည်။
ကိုဗစ်-၁၉ ဒုတိယလှိုင်း စိုးရိမ်ရမှုကြောင့် စတော့ရှယ်ယာဈေးကွက် ထိခိုက်လာ
အခုဆိုရင် ကိုဗစ် -၁၉ ဒုတိယလှိုင်းရိုက်ခတ်မှာကို စိုးထိတ်နေရမှုက မေ ၁၂ ရက်မှာတော့ စတော့ရှယ်ယာဈေးကွက်အပေါ် အကြီးအကျယ် သက်ရောက်မှုရှိလာပါတယ်။
ကမ္ဘာ့မြစ်ကြီးများ အဟန့်အတားမရှိ လွတ်လပ်စွာ စီးဆင်းကြစေရေး
လူသားတို့ တည်ဆောက်သည့် ဆည်များ၊ ရေကာတာ များကြောင့် ကမ္ဘာ့မြစ်ကြီးများကို အပိုင်းပိုင်းဖြစ်စေခြင်းမှာ လူသားနှင့် တောရိုင်းတိရစ္ဆာန်တို့၏ ရှင်သန်ရေးအတွက် အရေးပါသည့် ဂေဟစနစ်ဝန်ဆောင်မှုများအပေါ် ခြိမ်း ခြောက်လျက်ရှိသည်ဟု သိပ္ပံပညာရှင်များက သတိပေး လျက်ရှိကြပါသည်။ လွတ်လပ်စွာစီးဆင်းလျက်ရှိသည့် မြစ်များသည် သန်းပေါင်းရာပေါင်းများစွာသော လူတို့ အတွက် စားနပ်ရိက္ခာများ ပံ့ပိုးပေးလျက်ရှိပြီး စိုက်ပျိုးရေး အတွက်အရေးပါသည့် အနည်ပို့ချမှုများသာမက ရေကြီး ရေလျှံမှုများ၊ မိုးခေါင်မှုများ၏ အကျိုးဆက်များကို လျော့နည်းစေခြင်းကြောင့် ဇီဝမျိုးကွဲများ၏ ပြည့်စုံကြွယ်ဝ မှုကို အထောက်အကူပြုစေပါသည်
ကိုရိုနာဗိုင်းရပ်စ်လှိုင်း ဒုတိယအကြိမ်ထပ်မံရိုက်ခတ်လာမည်ကို စိုးရိမ်နေတဲ့ ကမ္ဘာ့ နိုင်ငံများ
ဥရောပတစ်လွှား ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသွားအလာကန့်သတ်ပိတ်ဆို့မှုတွေကို ပြန်ဖွင့်ပေးဖို့ လုပ်ဆောင်နေတဲ့အချိန်မှာ တရုတ်နိုင်ငံ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဝူဟန်မှာ ရက်သတ္တပတ်အတော်ကြာပြီးနောက် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်တွေ့ရှိလိုက်ခြင်းက ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းပြန်လည်ရိုက်ခတ်လာနိုင်တဲ့ အန္တရာယ်ကို သတိပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့နှင့် နှစ် ၂၀၀ ပြည့် နိုက်တင်ဂေးမွေးနေ့
နိုက်တင်ဂေးသည် ခရိုင်းမီးယားစစ်ပွဲအတွင်း ဒဏ်ရာရ စစ်သည်များကို ပြုစုစောင့်ရှောက်ရန် တာဝန်ပေးခံခဲ့ရစဉ် စစ်မြေပြင်၌ ဒဏ်ရာရ စစ်သည်များကို ညအချိန်များတွင် မီးအိမ်တစ်လုံးဖြင့် လိုက်လံကြည့်ရှု ပြုစုစောင့်ရှောက်ခဲ့သဖြင့် မီးအိမ်ရှင်ဟု ထင်ရှားခဲ့သည်။
ခရီးသွားလာခွင့် ပိတ်ပင်မှုတွေ ဖြေလျှော့ပေးခဲ့တဲ့ ပြင်သစ်နိုင်ငံ
ပြင်သစ်နိုင်ငံဟာ လူဦးရေသန်းပေါင်းများစွာ လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်လာခြင်းနဲ့အတူ နိုင်ငံရဲ့ ခရီးသွားလာခွင့်ပိတ်ပင်မှုတွေကို သီတင်းရှစ်ပတ်အကြာ သတ်မှတ်ခဲ့ပြီးချိန်မှာ ဖြေလျှော့ပေးမှုတွေကိုလည်း ပြန်လည်စတင်လိုက်ပြီ ဖြစ်ပါတယ်။
လက်ခံသင့်သော နှာခေါင်းစည်း ယဉ်ကျေးမှု
အခုအသုံးများနေတဲ့ Surgical masks ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေကို ၁၉၆ဝ ပြည့်နှစ်တွေမှာ သုံးခဲ့ပါ တယ်။ Non-waven fabric ပိတ်စမဟုတ်တဲ့ နိုင်လွန်ထည်တွေ ဖြစ်ပါတယ်။