ကြက်မွေးမြူရေးလုပ်ငန်းတွင် အပူဒဏ်ကြောင့် တိုက်ရိုက်(ကြက်သေဆုံးခြင်း) သော်လည်းကောင်း၊ သွယ်ဝိုက် (အသားတိုးနှုန်း၊ ဥနှုန်းကျဆင်း ခြင်း) ၍သော်လည်းကောင်း စီးပွားရေးအရ ဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိပါသည်။ ထိုသို့ဆုံးရှုံးမှုများမှ ကာကွယ်နိုင်ရန်အတွက် မွေးမြူသူများအနေဖြင့် ကြက်မွေးမြူရေးနှင့် အပူဒဏ်ပြဿနာအကြောင်းကို သိရှိနားလည်ပြီး လိုအပ်သော စီမံခန့်ခွဲမှုများကို အလျင်အမြန်လုပ်ဆောင်ရန် လိုအပ်ပါသည်။