ကျန်းမာသောဘဝရပ်တည်မှုဖြင့် ရှင်သန်စေဖို့ . . . .
လောက၌ လူသားတိုင်းသည် ကျန်းမာရေးကောင်းစွာဖြင့် လောကအလယ် ရပ်တည်လှုပ်ရှားနေထိုင်လိုကြသည်မှာ အမှန်ပင်ဖြစ်ပေလိမ့်မည်။ သဘာဝမှမွေးဖွားလာသော လူ၊ တိရစ္ဆာန်များသည် သဘာဝအတိုင်းပင် မိမိတို့နှင့်အတူတကွဖြစ်တည်လာခဲ့ကြသော သဘာဝပေါက်ပင်များအား မှီဝဲသုံးဆောင်၍သာလျှင် လောကအတွင်း နေထိုင်ကျင်လည် ကျက်စားနေကြကြောင်းကိုလည်း အကြမ်းသဘောသိထားမည်မှာ အမှန်ဖြစ်ပေလိမ့်မည်။








