မြို့မငြိမ်းကလည်း ဝါးချက်ကနေ နိဗ္ဗိန်ချောင်ကိုရောက်လာတတ်တယ်။ စစ်ကိုင်းတောင်ရိုးမှာ ကူးချည်သန်းချည် ...၊ တောင်ပေါ်တောင်အောက် တက်ချည်ဆင်းချည်...၊ ဧရာဝတီမြစ်တွင်း ငှက်တစ်စင်းနှင့် စုန်ချည်ဆန်ချည်ဆိုတော့ နေထွက်က နေဝင်အထိ စစ်ကိုင်းတောင်ရဲ့အလှကို ရှုလို့မငြီးနိုင်အောင် ခံစားရတာပေါ့။