သတိပြုကာကွယ် အသက်(၁၈) နှစ်အောက်ကလေးများနှင့် ကိုဗစ်-၁၉ ရောဂါအန္တရာယ်
ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ဆေး တတိယနေ့(ပထမအကြိမ်) ထိုးနှံပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်းစကားသံများကို မေးမြန်း

အခုလို ကာကွယ်ဆေးထိုးထားတဲ့အတွက် ကိုယ်နဲ့ကိုယ့်မိသားစုအတွက် ကာကွယ်ပြီးသားဖြစ်သလို အနီးပတ်ဝန်းကျင်ကသူတွေအတွက်လည်း ကာကွယ်ပြီးသားဖြစ်သွားပါတယ်၊ ဒါကြောင့် ဆေးမထိုးနှံရသေးတဲ့ သူငယ်ချင်းတွေလည်း ကာကွယ်ဆေးထိုးနှံကြပါ
ကျောင်းသား ကျောင်းသူတွေ ပညာသင်ယူမှုအခွင့်အလမ်းရရှိရေးနဲ့ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး အတွက် ကာကွယ်ဆေးထိုးကြပါ
နိုင်ငံတော်က မျိုးဆက်သစ် ကျောင်းသား ကျောင်းသူတွေ ပညာသင်ခွင့်မဆုံးရှုံးဘဲ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ရည်ရွယ်တဲ့အတွက် မိဘရော၊ ကလေးရော စိတ်ပါလက်ပါနဲ့ ကာကွယ်ဆေးထိုးကြဖို့ အကြံပြုတိုက်တွန်းပါတယ်
ကာကွယ်ဆေးထိုးနှံခြင်းရဲ့ ရည်ရွယ်ချက်တွေက ကျောင်းသား ကျောင်းသူတွေ ပညာသင်ယူဖို့ အခွင့်အလမ်းတွေ ရရှိစေဖို့ရယ်၊ ရောဂါကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်နိုင်ဖို့ရယ် ဖြစ်ပါတယ်၊ ဒါကြောင့် ကာကွယ်ဆေးကို မပျက်မကွက် ထိုးနှံပေးကြပါ