မာလီမှာ ဂျီဟတ်စစ်ဆင်ရေးအတွင်း ရဟတ်ယာဉ်နှစ်စင်းတိုက်မိရာ ပြင်သစ်စစ်သား ၁၃ ဦးသေဆုံး

မာလီနိုင်ငံမြောက်ပိုင်းက ဂျီဟတ်စစ်ဆင်ရေးအတွင်း ရဟတ်ယာဉ်နှစ်စင်းတိုက်မိရာ ပြင်သစ်စစ်သား ၁၃ ဦး သေဆုံးကြောင်း တာဝန်ရှိသူတွေက အင်္ဂါနေ့က အတည်ပြုပြောကြားပါတယ်။ အခုဆုံးရှုံးမှုဟာ နှစ်လေးဆယ်နီးပါးအတွင်း ဖြစ်စဉ်တစ်ခုတည်းမှာ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ပါတယ်။ 
ပလပ်စတစ်ခုနှစ်ကီလိုဂရမ်ကို သေဆုံးနေတဲ့ သမင်တစ်ကောင်ရဲ့ ဝမ်းအတွင်းမှာတွေ့ရှိ
ထိုင်းနိုင်ငံမြို့တော်ရဲ့ ဗန်ကောက်မြို့ရဲ့ မြောက်ပိုင်းရှိ  နန်းဒေသရဲ့ အမျိုးသားဥယျာဉ်အတွင်းမှာ တောရိုင်းသမင် တစ်ကောင် သေဆုံးရာ သေဆုံးတဲ့ သမင်ကို စစ်ဆေးရာ ပလပ်စတစ်အမှိုက် ခုနှစ် ကီလိုဂရမ်ကို တွေ့ရှိခဲ့ပါတယ်။ အခုအခြေအနေဟာ နိုင်ငံ့ရဲ့ ရေနဲ့ သစ်တောအတွင်းရှိ ပလပ်စတစ်အမှိုက်တွေကို သတိထားဖို့အတွက် ခေါင်းလောင်း ထိုးလိုက်တာဖြစ်ကြောင်း တာဝန်ရှိသူက မနေ့က ပြောကြားပါတယ်။ 
အယ်ဘေးနီးယားတွင် ငလျင်လှုပ်ခတ်မှုကြောင့် ၂၃ဉီးသေ၊ ၆၅၀ ဒဏ်ရာရ
အယ်ဘေးနီးယားတွင် အင်းအားပြင်းငလျင်ကြောင့် သေဆုံးသူအနည်းဆုံး၂၃ ဦးအထိ ရှိလာပြီဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများလည်း ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။
ဒုံးကျည်များပစ်လွှတ်မှု တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြောင်ကို အစ္စရေးတို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ် 
အစ္စရေးနိုင်ငံသို့ အစောပိုင်းက ဒုံးကျည်နှစ်စင်းပစ်လွှတ်မှုကို တုံ့ပြန်ကာ ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းကို ယမန်နေ့ညပိုင်းက အစ္စရေးတို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြသည်ဟု ပါလက်စတိုင်းသတင်းရင်းမြစ်က ဆိုသည်။
ဟောင်ကောင်ပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိဟု ထရန့်ပြောကြား
ဒီမိုကရေစီ လိုလားသောစခန်းများ အပြတ်အသတ်အနိုင်ရပြီးနောက်တွင် ဟောင်ကောင်ပြည်သူများနှင့်အတူ ရပ်တည်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကျင်းပခဲ့သော ဒေသတွင်းခရိုင်ကောင်စီရွေးကောက်ပွဲတွင် ယခုကဲ့သို့ အနိုင်ရခဲ့သော်လည်း တင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။ 
အီဂျစ် ပထမဆုံးဆက်သွယ်ရေးဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်
တောင်အမေရိကတိုက်၊ ပြင်သစ်ဂီအားနားရှိ အာကာသစခန်းတစ်ခုမှ အီဂျစ်နိုင်ငံ၏ ပထမဆုံးသော ဆက်သွယ်ရေး ဂြိုဟ်တုကို ယမန်နေ့က အောင်မြင်စွာလွှတ်တင်ခဲ့သည်ဟု အီဂျစ်နိုင်ငံ၏ တရားဝင် ဝက်ဘ်ဆိုက် အာဟမ်အွန်လိုင်း နယူးစ်တွင် ဖော်ပြထားသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ခိုင်မာသည့် ဆက်ဆံမှုများ ပြုလုပ်ရန် တောင်ကိုရီးယားသမ္မတ တောင်းဆို
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ခိုင်မာသည့် ဆက်ဆံမှုများ ပြုလုပ်ရန် တောင်းဆိုလိုက်ကြောင်း