ဩစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ် နယ်စပ်ဒေသများ ပြန်လည်ဖွင့်လှစ်
ဩစတြေးလျနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ကန့်သတ်ချက်များ လအတန်ကြာချမှတ်ခဲ့ပြီးနောက် ဗစ်တိုးရီးယားနှင့် နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်တို့မှ ဒေသခံများအတွက် နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကွင်းစလန်ပြည်နယ် နယ်စပ်ဒေသများကို အင်္ဂါနေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။






