မေဆက်တိုင်ဖွန်း တိုက်ခတ်အပြီး ဘူဆန်မြို့မှာ ရှင်းလင်းရေး ဆောင်ရွက်
ကိုရီးယား ကျွန်းဆွယ်ကို ဖြတ်ကျော် တိုက်ခတ်တဲ့ မေဆက်တိုင်ဖွန်း မုန်တိုင်းကြောင့် တောင်ကိုရီးယား နိုင်ငံမှာ အနည်းဆုံး ၁ ဦး သေဆုံးပြီး လူပေါင်း ၂,၀၀၀ ကျော် ယာယီ ကယ်ဆယ်ရေး စခန်းတွေမှာ ရွှေ့ပြောင်း နေထိုင်ရကြောင်း တာဝန်ရှိသူတွေက ဒီနေ့ ကြာသပတေးနေ့မှာ ထုတ်ပြန် ကြေညာပါတယ်။






