ဟူဘေးပြည်နယ်တွင် ဗုဒ္ဓဟူးနေ့အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ထပ်မံတွေ့ရှိမှု မရှိဟုဆို 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ်တွင် ဩဂုတ် ၁၂ ရက်နေ့ အတွင်းက ကိုဗစ်-၁၉ ကူးစက်မှု အသစ်မရှိကြောင်း ပြည်နယ်ကျန်းမာရေး ကော်မရှင်က ဩဂုတ် ၁၃ ရက်နေ့အတွင်းက ပြောကြားခဲ့သည်။
ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် လူ ၁၀၄၀ဝ၀ ကျော် သေဆုံး
ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၁၁၇၅ ဦးရှိပြီး သေဆုံးသူ ၁၀၄၂၀၁ ဦးအထိ မြင့်တက်လာသည်ဟု ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
အာမေးနီးယားတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၂၀၁ ဦး ရှိ၊ ကန့်သတ်ချက်များ ထပ်မံရုပ်သိမ်း
အာမေးနီးယား နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၂၀၁ ဦး ရှိရာ ကူးစက်ခံရသူပေါင်း ၄၀၇၉၄ ဦး ရှိလာကြောင်း ရောဂါထိန်းချုပ်ရေး ဗဟိုဌာန၏ ပြောကြားချက်အရ သိရသည်။
ဘေရွတ်မြို့ ပေါက်ကွဲမှုအပြီး နောက်ဆက်တွဲဂယက်များ

ဂျာမနီနိုင်ငံက ကျောင်းတွေပြန်လည်ဖွင့်ပြီ

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များနေပေမယ့် ဗြိတိန်နိုင်ငံက ကျောင်းတွေပြန်ဖွင့်

တရုတ်နိုင်ငံကို  ဉရောပနိုင်ငံသားတွေ လာရောက်နိုင်ကြောင်း ထုတ်ပြန်
ဉရောပ ၃၆ နိုင်ငံမှ နိုင်ငံသားတွေကို တရုတ်နိုင်ငံထဲ ဝင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွား လာတဲ့အတွက် တရုတ်နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေ ပိတ်လိုက်ရာ ထောင်ချီတဲ့ နိုင်ငံခြားတွေ တရုတ်နိုင်ငံ ဝင်ခွင့်မရဘဲ ဖြစ်နေပါတယ်။