အီရတ် လုံခြုံရေး တပ်ဖွဲ့များ၏ စစ်ဆင်ရေး လုပ်ဆောင်မှုကြောင့် အိုင်အက်စ် စစ်သွေးကြွ ခြောက်ဦး သေဆုံး၊ လေးဦးဖမ်းဆီးရမိ
အီရတ် အကြမ်းဖက် ဆန့်ကျင်ရေး တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် အီရတ်နိုင်ငံ မြောက်ပိုင်းတွင် ယမန်နေ့က စစ်သွေးကြွခြောက်ဦး သေဆုံးခဲ့ပြီး ဘဂ္ဂဒက်မြို့တော် အနီးတွင် လေးဦး ဖမ်းဆီးရမိခဲ့သည်။








