ကက်ရှ်မီးယားတွင် အိန္ဒိယနှင့် ပါကစ္စတန်တပ်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယားတွင် ဇွန်လ ၉ ရက်နေ့က အိန္ဒိယနှင့် ပါကစ္စတန်တပ်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ရောဂါကူးစက်မှု အသစ်များ ဖြစ်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စိုးရိမ်
ကမ္ဘာတစ်ဝန်းတွင် အစီရင်ခံခဲ့သည့် တစ်နေ့တာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်များက ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပိုမိုဆိုးရွားလာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက သတိပေးပြောကြားခဲ့သည်။
အမေရိကန်စစ်တပ်က လှုပ်ရှားမှုများ ပြန်လည်စတင်
စစ်မှုထမ်းများနှင့် ၎င်းတို့၏ မိသားစုများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအတွက် ခရီးသွားလာခွင့် ကန့်သတ်ချက်များကို အဆင့်လိုက် လျော့ချပေးမည်ဟု အမေရိကန်ကာကွယ်ရေးဌာနက ကြေညာခဲ့သည်။
တူနီးရှားတွင် ညမထွက်ရအမိန့် ပြန်လည်ရုပ်သိမ်း
နိုင်ငံတစ်ဝှမ်း ညမထွက်ရ အမိန့် ပြန်လည်ရုပ်သိမ်းရန် တူနီးရှားသမ္မတ Kais Saied က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ပါကစ္စတန်တွင် ရေနံချက်စက်ရုံ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားသဖြင့် သုံးဦးသေဆုံး၊ ငါးဦး ဒဏ်ရာရ
ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ယမန်နေ့ညပိုင်းက ရေနံချက်စက်ရုံ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် အလုပ်သမား သုံးဦး သေဆုံးပြီး အခြား ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသန္တရမီဒီယာက ဖော်ပြထားသည်။