ဂျပန်နိုင်ငံမြို့တော် တိုကျိုရှိလမ်းတစ်လမ်းပေါ်၌ ခြေကျင်လျှောက်နေသည့် လူအုပ်စုအတွင်းသို့ မော်တော်ယာဉ်ဖြင့် မောင်းနှင်ဝင်တိုက်ခဲ့သည့် အသက် ၂၁ နှစ်အရွယ်အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ နှစ်သစ်ကူးချိန်တွင် ဖြစ်ပွားခဲ့သည့် ယင်းဖြစ်ရပ်ကြောင့် လူရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အင်န်အိတ်ချ်ကေ သတင်းတွင် ဖော်ပြသည်။