နယူးဇီလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်သူအရေအတွက် ၅၀အထိရှိလာသဖြင့် အရေးပေါ်အခြေအနေ ကြေညာ

နယူးဇီလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ အရေအတွက် ၅၀ ရှိကြောင်း အတည်ပြုခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။
ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးသူ  ၄၆ ဦး ရှိ
ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၆ ဦးရှိပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၂၀၁ ဦးရှိကြောင်း ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။
လာအိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ခံရသူ ပထမဦးဆုံး လူနာနှစ်ဦး တွေ့ရှိ
လာအိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ခံရသူ ပထမဦးဆုံး လူနာနှစ်ဦး တွေ့ရှိကြောင်း လာအို ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး ထိုင်းအစိုးရပိုင် MCOT သတင်းဌာနက ဒီနေ့ (အင်္ဂါနေ့) မှာ ကြေညာသွားပါတယ်။
ပင်စင်စားအဖိုးအဖွားတွေရှိရာ လူအိုရုံတွေမှာ လူသေအလောင်းတွေကို စပိန်စစ်သားတွေ တွေ့ရှိ
စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID 19 တိုက်ဖျက်ရေးအတွက် စစ်သားတွေကို တပ်ဖြန့်ချထားရာ ပင်စင်စားတွေစုထားတဲ့ နေရာတွေမှာ တချို့က သေဆုံးနေပြီး တချို့ကတော့ လုံးဝ ပစ်ပယ်ထားတာကို တွေ့ရပါတယ်။
ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ၁၀၆ ဦးရှိပြီး သုံးဦး သေဆုံး
စုစုပေါင်း ကူးစက်ခံရသူအရေအတွက် ၈၂၇ နှင့် သေဆုံးသူ လေးဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
ဝူဟန်မြို့ အဝင်အထွက် ပိတ်ဆို့မှုကို ဧပြီ ၈ ရက်နေ့တွင် ရုပ်သိမ်းမည်
ဝူဟန်မြို့တွင် ခရီးသွားလာမှု ကန့်သတ်ချက်များကို ဧပြီ ၈ ရက်နေ့တွင် ဖယ်ရှားမည်ဟု တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ရှိ အာဏာပိုင်များက ဆိုသည်။
ကမ္ဘာတစ်ဝန်းက မတ် ၂၄ရက်နေ့တွင် ရရှိသော ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်းများ
ကိုရိုနာ COVID 19 ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်းများကို စုစည်းတင်ပြသွားမှာဖြစ်ပါတယ်။