အီဒလစ်နှင့် အလက်ပိုမြို့တို့တွင် တိုက်ပွဲများဆက်လက် တိုက်ခိုက်သွားမည်ဟု ဆီးရီးယားသမ္မတပြော
ဆီးရီးယားအတိုက်အခံအုပ်စုများ အခိုင်အမာတပ်စွဲထားရာ နိုင်ငံအနောက် မြောက်ပိုင်းဒေသများသို့ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ဆီးရီးယားသမ္မတ ဘတ်ရှာ အယ်အာဆတ် က ပြောကြားခဲ့သည်။ ပြည်သူများ အတိဒုက္ခရောက်မှုအပေါ် စိုးရိမ်မှုများမြင့်တက်နေစဉ် ယခုလို ပြောကြား ခဲ့ခြင်း ဖြစ်သည်။







