ဝူဟန်မြို့က မွေးကင်းစကလေးငယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ
တရုတ်နိုင်ငံ၊ ဟူဘေပြည်နယ်၊ ဝူဟန်မြို့မှာ မွေးဖွားပြီး နာရီ ၃၀ သာရှိသေးတဲ့ ကလေးငယ်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း တရုတ်အစိုးရသတင်းဌာနက ဖေဖော်ဝါရီ ၅ ရက်မှာ ကြေညာသွားပါတယ်။ 
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆၃ ရှိပြီး နိုင်ငံပေါင်း ၂၀ ကျော်မှာလည်း ဗိုင်းရပ်စ်ပိုး တွေ့ရှိ 
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၅၆၃ ဦး ရှိပြီး ရောဂါကူးစက်ခံစားနေရသူ ၂၈,၀၁၈ ဦးကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပိုးဒဏ် အပြင်းအထန်ဆုံးခံစားရတဲ့ ဟူဘေပြည်နယ်မှာ ၂၄ နာရီအတွင်း သေဆုံးသူ ၇၀ ဦးရှိကြောင်း ဖေဖော်ဝါရီ ၆ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။  
ပီရူးနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြစ်ပွား ၁၀ ဦး သေဆုံး
ပီရူးနိုင်ငံတောင်ပိုင်း  အရီကွစ်ပါ ဒေသတွင် ယမန်နေ့က  ဘတ်စ်ကား နှင့် ကုန်တင်ကားတို့  တိုက်မိခဲ့ရာ လူ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသန္တရ အာဏာပိုင်များက ပြောကြားခဲ့သည်။
နယူးဇီလန်နိုင်ငံတွင် ရေကြီးမှုကြောင့် လူထောင်ပေါင်းများစွာ ဘေးကင်းရာသို့ ရွေ့ပြောင်းပေးခဲ့ရ
နယူးဇီလန်နိုင်ငံ တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမှုဖြစ်ပေါ်ခဲ့ရာ ထောင်ပေါင်းများစွာသော ပြည်သူများကို ဘေးကင်းရာသို့ ရွေ့ပြောင်းခဲ့ရသည်ဟု ဆိုသည်။ 
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား အမှုမှ တရားသေလွှတ်
အမေရိကန်သမ္မတဒေါ်နယ်ထရန့်အား စွပ်စွဲပြစ်တင်ခဲ့သည့် တရားစွဲဆိုမှုအတွက် စွပ်စွဲချက်များအားလုံးမှ ထရမ့်အား တရားသေလွှတ်ပေးလိုက်သည်။ 
တူရကီနိုင်ငံ အရှေ့ပိုင်းတွင် တောင်ပေါ်မှနှင်းထုများ ပြိုကျမှုဖြစ်ပွား ၃၈ ဦးသေဆုံး
တူရကီနိုင်ငံ အရှေ့ပိုင်း ဗန်ပြည်နယ်တွင် တောင်ပေါ်မှနှင်းထုများ နှစ်ကြိမ်ပြိုကျမှုဖြစ်ပွားခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်သားများ အပါအဝင် ၃၈ ဦး ထက်မနည်း သေဆုံးခဲ့သည်။