ပျက်ကျယူကရိန်းလေယာဉ်၏ ဘလက်ဘောက်စ်နှစ်လုံးကို စုံစမ်းစစ်ဆေးရေးအတွက် ဘိုးရင်းသို့ လွှဲပြောင်းပေးရန် အီရန်ငြင်းဆန်
ခရီးသည် ၁၇၆ ဦး လိုက်ပါလာသည့် ယူကရိန်းလေယာဉ်ပျက်ကျမှု ဖြစ်ပွားကာ လိုက်ပါသူအားလုံး သေဆုံးခဲ့ရပြီး နောက်တွင် ပျက်ကျလေယာဉ်မှ ရရှိခဲ့သည့်ဘလက်ဘောက်စ်နှစ်လုံးကို စုံစမ်းစစ်ဆေးမှုအတွက် လွှဲပြောင်းပေးမည်မဟုတ်ကြောင်း အီရန်ပြည်တွင်း လေကြောင်းအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။






