စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့်သမ္မတနုတ်ထွက်ရေး ချီလီပြည်သူများဆန္ဒပြ

စိတ်ဝင်စားစရာ ဘရက်ဆစ်အချိန်ရွှေ့ဆိုင်းမှု

ရွေးကောက်ပွဲ ဥဒေချိုးဖောက်မှုကြောင့် ဂျပန်စက်မှုဝန်ကြီး ရာထူးမှနုတ်ထွက်
ဂျပန်စက်မှုဝန်ကြီး အစ်ရှူ ဆူဂါဝါရာသည် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်သည်ဆိုသော အစီရင်ခံချက်များကြောင့် သောကြာနေ့က ရာထူးမှ နုတ်ထွက်ခဲ့သည်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ယခင် ဒေသဆိုင်ရာ ပြန်လည်ဖွံ့ဖြိုးရေးဝန်ကြီးဟောင်း ဟီရိုရှီ ကာဂျီယာမာကို ယင်းနေရာတွင် အစားထိုးခန့်အပ်ရန် ရှိသည်။
မျက်နှာ မပါတဲ့ ကလေးမွေးဖွားပြီးနောက် ဆရာဝန်ကို အလုပ်က ရပ်နား
ပေါ်တူဂီနိုင်ငံမှာ အောက်တိုဘာလဆန်းပိုင်းက မွေးဖွားခဲ့တဲ့ ကလေးတစ်ဦးမှာ နှာခေါင်းနဲ့ မျက်လုံးတွေမပါတဲ့ ကလေးငယ် တနည်းပြောရရင် ဦးခေါင်းတစ်ခြမ်းမပါတဲ့ ကလေးတစ်ဦးမွေးဖွားပြီး အဲဒီကလေးရဲ့ မိခင်ကို စစ်ဆေးပေးတဲ့  ဆရာဝန်တစ်ဦးကို အလုပ်က ရပ်နားလိုက်တာဖြစ်ပါတယ်။
အမေဇုံမြစ်အတွင်းက ပြဒါးဓါတ်တွေကြောင့် မြစ်အတွင်းက လင်းပိုင်အတွက် စိုးရိမ်စရာဖြစ်လာ
လက်တင်အမေရိကနိုင်ငံတွေအနီးမှာ စီးဆင်းနေသော အမေဇုံ မြစ်အတွင်းမှာ နေထိုင်ကျက်စားတဲ့ လင်းပိုင်တွေဟာ စိုးရိမ်စရာဖြစ်လာတာဟာ  မြစ်အတွင်းက ဥပဒေမဲ့ ရွှေထုတ်လုပ်ယူနေတဲ့အတွက်ဖြစ်လို့ သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေးသမားတွေက ပြောပါတယ်။
ထိုင်းတော်ဝင် နန်းတွင်းအဆင့်မြင့်အရာရှိ ခြောက်ဦးအား ရာထူးမှ ဖယ်ရှား
ထိုင်းဘုရင် မဟာ ဗာဂျီရာလောင်ကွန်းက သူ၏ကြင်ရာတော်အား ချီးမြှင့်အပ်နှင်း ထားသော ဘွဲ့များကို ပြန်လည်ရုပ်သိမ်းကြောင်း တရားဝင်ကြေညာခဲ့ပြီး နှစ်ရက်အကြာတွင် တော်ဝင်နန်းတွင်း အဆင့်မြင့် အရာရှိခြောက်ဦးအား ရာထူးမှ ဖယ်ရှားခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။