ထရန့်နဲ့ ပြဿနာဖြစ်အပြီးမှာ အမေရိကန်ဆိုင်ရာ ဗြိတိန်အမတ် ရာထူးကနှုတ်ထွက် 

ဝါရှင်တန်ရှိ ဗြိတိန်သံအမတ်ဟာ မနေ့က တာဝန်ကနေ နှုတ်ထွက်ကြောင်း သိရပါတယ်။ ဝါရှင်တန်ဆိုင်ရာ ဗြိတိန်သံရုံးရဲ့ အီးမေးလ်ထဲမှာ သမ္မတ ထရန့်နဲ့ အိမ်ဖြူတော်ကို ပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်။
ပါပူအာနယူးဂီနီ အနောက်ပိုင်း ကုန်းမြင့်ဒေသများတွင် မျိုးနွယ်စု တိုက်ပွဲဖြစ်ပွား ၁၄ ဦးသေဆုံး
ပါပူအာနယူးဂီနီ အနောက်ပိုင်း ကုန်းမြင့်ဒေသများ၏ Mul-Baiyer ခရိုင်တွင် မျိုးနွယ်စု ပြောက်ကျား တိုက်ပွဲများ ဖြစ်ပွားသဖြင့် ၁၄ ဦးသေဆုံးခဲ့ကြောင်း ဒေသခံသတင်းမီဒီယာက ယနေ့သတင်းထုတ်ပြန်ခဲ့သည်။
ပါကစ္စတန် ပန်ဂျပ်ပြည်နယ်တွင် ဘတ်စ်ကားချောက်ထဲထိုးကျ ၁၃ ဦးသေဆုံး ၊ ၃၀ ဦး ဒဏ်ရာရ
ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် Attock ခရိုင်တွင်  ယနေ့မနက်စောပိုင်းက ခရီးသည်တင်ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျခဲ့သဖြင့် ၁၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၀ ဦး ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဗြိတိန်ရေနံတင်သင်္ဘောကို  အီရန် ဖမ်းဆီးရန် ကြိုးစား    
အီရန်တော်လှန်ရေး ကမ်းခြေစောင့်တပ်ဖွဲ့လှေများ က Hormuz ရေလက်ကြားအနီးရှိ ဗြိတိန်ရေနံတင်သင်္ဘော တစ်စင်းကို ချဉ်းကပ်ပြီး  ဖမ်းဆီးရန်  ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများပြောကြားချက်ကို ကိုးကားပြီး အမေရိကန်ရုပ်သံဌာန CNN နှင့် အခြားသတင်းဌာနများက ဖော်ပြထားသည်။
အီရန် ယူရေနီယံ သန့်စင်မှု ကန့်သတ်ချက်ထက်ကျော်လွန်ကြောင်း IAEA အတည်ပြု
အီရန်နိုင်ငံ၏ နျူကလီးယားကြီးထွားလာမှုကိစ္စနှင့် ပတ်သက်ပြီးဆွေးနွေးရန် ကုလသမဂ္ဂ အဏုမြူစောင့်ကြည့်လေ့လာရေးအဖွဲ့အစည်း၏ အရေးပေါ်ဘုတ်အဖွဲ့ အစည်းအဝေးတစ်ခု၌ အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့၏ ကိုယ်စားလှယ်များ ပဋိပက္ခဖြစ်ပွားခဲ့ကြသည်။
ပါကစ္စတန်တွင် ရထားချင်းတိုက်မိရာ လူ ၁၀ ဦးသေ၊ ၅၀ ဒဏ်ရာရ
ယနေ့နံနက်ပိုင်းက ပါကစ္စတန်အရှေ့ပိုင်း Rahim Yar Khan မြို့တွင် ခရီးသည်တင်ရထားတစ်စင်းနှင့် ကုန်တင်ရထားတစ်စင်းတို့ တိုက်မှုဖြစ်ပွားခဲ့ရာ ၁၀ဦးသေဆုံးခဲ့ပြီး အခြားသူ ၅၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ မီဒီယာများက ဖော်ပြခဲ့သည်။ 
ဂရိမြောက်ပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူခြောက်ဦး သေဆုံး
ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ဂရိနိုင်ငံမြောက်ပိုင်းတွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ခြောက်ဦးသေဆုံးခဲ့ပြီး လူပေါင်းဒါဇင်နှင့်ချီပြီ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။