နယူးဇီလန် ခရစ်ချပ်ချ်မြို့  ပစ်ခတ်သံ ကြားရပြီးနောက် လမ်းပိတ်ဆို့ထား

သေနတ်ပစ်ခတ်သံ ကြားရပြီးနောက် ရဲတပ်ဖွဲ့ က  နယူးဇီလန်နိုင်ငံ ခရစ်ချပ်ချ်မြို့ ၏ အရှေ့ဘက် ဆင်ခြေဖုံးရှိ လမ်းတစ်ခုကို  ပိတ်ဆို့ခဲ့သည် ဟု အကြောင်းကြားခဲ့သည်။
သမ္မတထရန့်ရဲ့ တရုတ်ကုန်ပစ္စည်းအပေါ် အခွန်တိုးကောက်တာကို ကြိုဆိုတဲ့ ကယ်လီဖိုးနီးယားက ကြက်သွန်ဖြူစိုက်တောင်သူ 
အမေရိကန် -တရုတ် ကုန်သွယ်ရေးစစ်ကြောင့် အမေရိကန် လယ်သမားအများစု မသက်မသာဖြစ်နေပေမယ့် ကြက်သွန်ဖြူနဲ့ ပျားရည်ထုတ်လုပ်သူတွေကတော့ အခွန်တိုးကောက်တာကို ကြိုဆိုကြပါတယ်။ 
တရုတ်၊ ရုရှား နိုင်ငံခေါင်းဆောင်များ မော်စကိုတွင် ဆွေးနွေးပွဲကျင်းပ
တရုတ်နှင့် ရုရှား နိုင်ငံ့ခေါင်းဆောင်များက အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် ၎င်းတို့၏ စီးပွားရေးနှင့် လုံခြုံရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေခဲ့သည်။
နယူးဇီလန်တွင် ပစ်ခတ်မှုဖြစ်ပွားကာ တစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ
နယူးဇီလန်နိုင်ငံ၏ မြောက်ပိုင်းကျွန်း Kawhia အနီးတွင် ယနေ့ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် တစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံက သန့်စင်ပြီး ယူရေနီယမ်များ ထုတ်လုပ်နေဖွယ်ရှိ
မြောက်ကိုရီးယားနိုင်ငံက ရောင်ဗြွန်နျူကလီးယားစက်ရုံ၌ သန့်စင်ပြီး ယူရေနီယံများ ထုတ်လုပ်နေဖွယ်ရှိကြောင်း မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ လေ့လာသည့်အဖွဲ့ဟု လူသိများသည့် အမေရိကန် သုတေသနအဖွဲ့တစ်ခုက ပြောကြားသည်။
ဗြိတိန် D-Day ကမ်းတက်တိုက်ပွဲ အထိမ်းအမှတ် အခမ်းအနားသို့ ကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ ထရန့် တက်ရောက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဗြိတိန်နိုင်ငံတွင် ကျင်းပသော ၇၅ နှစ်မြောက် D-Day ကမ်းတက်တိုက်ပွဲ အထိမ်းအမှတ် အခမ်းအနား၌ အခြားသော ကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
လစ်ဗျားအနောက်ဘက် ကမ်းလွန်တွင် တရားမဝင်ရွေ့ပြောင်းနေထိုင်သူ ၁၂၅ ဦးကို ကယ်ဆယ်
လစ်ဗျားရေတပ်သည် လစ်ဗျားနိုင်ငံ အနောက်ဘက် ကမ်းလွန်တွင် သီးခြားရှာဖွေကယ်ဆယ်ရေးနှစ်ခုတွင် ရွေ့ပြောင်းနေထိုင်သူ ၁၂၅ ဦးကို ကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။