အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုက ၄င်းကိုထောက်ခံသူများအား မကြောက်လန့်ကြရန်ပြောကြား
ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုသည် ၄င်းကိုထောက်ခံသူများအား ကြောက်စိတ်ကိုဖယ်ထုတ်ရန်နှင့် သမ္မတမာဒူရိုကိုဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။





