အင်ဒိုနီးရှား၏ မြို့တော်ကို ဂျာဗားကျွန်းအပြင်ဘက် သို့ပြောင်းရွှေ့မည်

အင်ဒိုနီးရှားနိုင်ငံတွင် ၎င်း၏မြို့တော်ကို ဂျကာတာ မှ ဂျာဗားကျွန်းအပြင်ဘက် နေရာသစ်တစ်ခုသို့ ပြောင်းရွှေ့ရန် စီစဉ်ထားကြောင်း သိရသည်။
အမေရိကန် ဒုတိယ ရှေ့နေချုပ် ရိုဆန်စထန် ရာထူးနှုတ်ထွက်
အမေရိကန် နိုင်ငံ ဒုတိယရှေ့နေချုပ် ရော့ဒ် ရိုဆန်ထရန် က ၎င်းရာထူးမှ နှုတ်ထွက်ကြောင်း ပြောကြားခဲ့သည်။
ဆီးရီးယားတွင် အမေရိကန်စစ်သားတစ်ဦး သေဆုံး
ဆီးရီးယားတွင် ယမန်နေ့နှောင်းပိုင်းက အမေရိကန်စစ်သားတစ်ဦး တိုက်ပွဲနှင့် မပတ်သက်ပဲ သေဆုံးခဲ့ကြောင်း ပင်တဂွန် ဌာနချုပ်က သတင်းထုတ်ပြန်ခဲ့သည်။
အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် အစိုးရတပ်ဖွဲ့များ၏လက်ချက်ကြောင့် စစ်သွေးကြွ ၇ ဦး ကျဆုံး
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း၊ ဘာကက်ပြည်နယ်တွင်  အာဖဂန်တပ်ဖွဲ့ဝင်များနှင့် တာလီဘန်တပ်ဖွဲ့ဝင်များကြား တိုက်ပွဲများဖြစ်ပွားရာ လူပေါင်း ၇ဦး သေဆုံးခဲ့ပြီး
ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲလုံခြုံရေးဆွေးနွေးမှုများ ပြုလုပ်မည်
လာမည့် သီတင်းပတ်အတွင်း ဂျပန်၊ အမေရိကန်ပြည်ထောင်စုတို့နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
သီရိလင်္ကာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုအပြီး မျက်နှာ အဝတ်ဖုံးအုပ်ခြင်းကို တားမြစ်
သီရိလင်္ကာနိုင်ငံမှာ အီစတာ တနင်္ဂနွေနေ့က အနည်းဆုံး လူပေါင်း ၂၅၀ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဖြစ်အပြီး သမ္မတ မိုင်သရီပါလာစီရီစီနာ က မျက်နှာ အဝတ်ဖုံးအုပ်ခြင်းကို အရေးပေါ်ဥပဒေပြဌာန်းပိုင်ခွင့် အသုံးပြုပြီး မနေ့က (တနင်္လာနေ့) က တားမြစ်လိုက်ပါတယ်။
အွန်လိုင်းလောင်းကစားပွဲတွေကို ဖမ်းဆီးရာ ၁ ဘီလီယမ် ဒေါ်လာနဲ့အတူ လူ ၂၂ ဦး ဖမ်းဆီးခံရ
ဗီယက်နမ်နိုင်ငံမှာ အွန်လိုင်းလောင်းကစားပွဲကို ဖမ်းဆီးရာ အမေရိကန်ဒေါ်လာ ၁ ဘီလီယမ်နဲ့အတူ လူ ၂၂ ဦး ဖမ်းဆီးရရှိကြောင်း ပြီးခဲ့တဲ့ စနေနေ့က ထုတ်ပြန်ကြေညာပါတယ်။ အခုဖမ်းဆီးရရှိတဲ့ အွန်လိုင်းလောင်းကစားပွဲဟာ အကြီးဆုံးဖြစ်ကြောင်း သိရပါတယ်။ ကွန်မြူနစ် ဗီယက်နမ်နိုင်ငံမှာ နိုင်ငံတွင်း လောင်းကစားဟာ တရားမဝင်ဖြစ်ပေမယ့် မှောင်ခိုဈေးကွက် အထူးသဖြင့် အားကစားပွဲတွေမှာ လောင်းကြေးထပ်တာကတော့ လုပ်ရိုးလုပ်စဉ်လိုဖြစ်နေပါတယ်။