မြောက်ကိုရီးယားနိုင်ငံ၌ ဖျားနာနေသူ ၁၈၀၀၀၀ ကျော်ကို သီးသန့်ခွဲခြားထား
မြောက်ကိုရီးယားနိုင်ငံတွင် ဧပြီလနှောင်းပိုင်းမှစတင်ကာ အမျိုးအမည်မသိသောဖျားနာမှုများဖြစ်ပွားနေသူ ၃၅၀၀၀၀ ကျော်ရှိသည်ဟု မြောက်ကိုရီးယားကဆိုသည်။ လူပေါင်း ၁၈၀၀၀၀ ကျော်ကို သီးသန့်ခွဲခြားထားကာ နိုင်ငံတစ်ဝန်းတွင် ကုသမှုပေးနေသည်ဟု ထပ်လောင်းဖော်ပြထားသည်။