အမေရိကန် ဖီလာဒယ်ဖီးယားမြို့၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား လူသုံးဦးထက်မနည်း သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိ

အမေရိကန်ပြည်ထောင်စု ဖီလာဒယ်ဖီးယားမြို့၌ ဇွန် ၄ ရက် ညက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူသုံးဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ဘုရင်မကြီး အယ်လိဇဘတ် -၂ နန်းစံသက် နှစ်ပေါင်း ၇၀ ကြာ အခမ်းအနားဆင်နွှဲခဲ့သော်လည်း အသက်အရွယ်အရ ဘက်ကင်ဟမ်နန်းတော်ပြင်ပ၌ ပြုလုပ်သည့် မီးထွန်းပွဲ တက်ရောက်နိုင်ခြင်းမရှိ
ဗြိတိန်နိုင်ငံ၏ နန်းသက်အရှည်ကြာဆုံးဖြစ်သည့် ဘုရင်မကြီး အယ်လိဇဘတ်-၂ က နန်းစံသက် နှစ်ပေါင်း ၇၀ ကြာ အခမ်းအနား ဆင်နွှဲပြီးနောက် တိုင်းသူပြည်သားများအတွက် တိုင်းပြုပြည်ပြု အကျိုးများကို ................
ယခုနှစ်တွင် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ၌ ယာဉ်မတော်တဆမှုကြောင့် လူ ၅၀၀ ကျော် သေဆုံး
ယခုနှစ် ပထမငါးလအတွင်း အိန္ဒိယနိုင်ငံ မြို့တော်တွင် ယာဉ်မတော်တဆမှုများကြောင့် ၅၀၅ ဦး နီးပါးသေဆုံးပြီး ၂၁၅၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇွန် ၅ ရက်တွင် ဒေလီရဲတပ်ဖွဲ့က ထုတ်ပြန်သော အချက်အလက်အရ သိရသည်။
ရှန်ကျို့-၁၄ အာကာသယာဉ်မှူးများ ထန်ကျို့-၄ ကုန်တင်အာကာသယာဉ်အတွင်းသို့ ဝင်ရောက်
ရှန်ကျို -၁၄ အာကာသယာဉ်မှူး သုံးဦးဖြစ်သည့် ချန်တုန်း၊ ကျိုရန်နှင့် ချိုက်ရွိုကျယ်တို့သည် ပတ်ဝန်းကျင် စမ်းသပ်မှုများ ပြီးဆုံးပြီးနောက် ထန်တော့် - ၄ ကုန်တင် အာကာသယာဉ်အတွင်း သို့ ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံလူလိုက်ပါ အာကာသအေဂျင်စီ (စီအမ်အက်စ်အေ) က ဇွန် ၆ ရက်တွင် ပြောသည်။
အင်ဒိုနီးရှားနှင့် ဩစတြေးလျ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီ
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် အလုပ်သဘော အလည်အပတ်ရောက်ရှိနေသည့် ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်ဘာနီးစ်အား အနောက်ဂျာဗားကျွန်း ဘိုဂေါမြို့ရှိ သမ္မတအိမ်တော်၌ ဇွန် ၆ ရက်က လက်ခံတွေ့ဆုံသည်။
အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁ ဒသမ ၆၆ သန်းကျော်ရှိလာ
ဇွန် ၅ ရက်ညနေပိုင်းအထိ ရရှိထားသည့်ကိန်းဂဏန်းများအရ အာဖရိကတိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူစုစုပေါင်း ၁၁၆၆၄၇၅၈ ဦးရှိလာကြောင်း အာဖရိကကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်သင်္ဘောဆိပ်ကမ်း ကုန်လှောင်ရုံ၌ မီးလောင်မှုဖြစ်ပွား၊ ၄၉ ဦးထက်မနည်းသေဆုံး
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သင်္ဘောဆိပ်ကုန်လှောင်ရုံတစ်ခုတွင် ကြီးမားသောဓာတုပစ္စည်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ ပြီးနောက် လူ ၄၉ ဦးထက် မနည်းသေဆုံးပြီး ၃၀၀ ကျော်ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။