ကမ္ဘာ့သမုဒ္ဒရာရေပြင်အတွင်းရှိ ပင်လယ်မြက်ခင်းများ၏ အောက်တွင် သကြားတောင်ကြီးတွေ့ရှိ

 

မွန်ဂိုလီးယားနိုင်ငံတွင် မျိုးသုဉ်းလုနီးပါး ဂိုဘီဝက်ဝံ အကောင်ရေ ၅၀ ကျော်အထိ ထိန်းသိမ်းထားနိုင်

 

နီပေါလေယာဉ်အပျက်အစီးမှ ရုပ်အလောင်း ၁၆ လောင်းဆယ်ယူ
မေ ၂၉ ရက်အစောပိုင်းက ဟိမဝန္တာတောင်တန်းဒေသတွင် ခရီးသည် ၂၂ ဦးနှင့်အတူ ပျက်ကျခဲ့ပြီး တောင် စောင်းတစ်ခုတွင် ပြန့်ကျဲနေသောလေယာဉ်အပျက်အစီးမှ ရုပ်အလောင်း ၁၆ လောင်းကို နီပေါကယ်ဆယ်ရေး သမားများက ယနေ့ဆယ်ယူခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားသင်္ဘောနစ်မြုပ်ခဲ့ပြီးနောက် ၃၁ ဦးကယ်တင်နိုင်ခဲ့ပြီး ၁၁ ဦး ပျောက်ဆုံးနေဆဲဖြစ်
မေ ၂၆ ရက်က အင်ဒိုနီးရှားကမ်းလွန်ပင်လယ်တွင် ကူးတို့သင်္ဘောတစ်စင်း လောင်စာဆီကုန်သွားပြီး နစ်မြုပ်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ လူ ၃၁ ဦး၏ အသက်ကို ကယ်တင်နိုင်ခဲ့ပြီး ကျန် ၁၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ယနေ့ပြောကြားသည်။
ပျောက်ဆုံးနီပေါလေယာဉ်၏ အပျက်အစီးများ ရှာဖွေတွေ့ရှိ
မေ ၂၉ ရက်အစောပိုင်းက လူ ၂၂ ဦးနှင့်အတူ ပျောက်ဆုံးသွားသည့် နီပေါလေယာဉ်၏ အပျက်အစီးများကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း နီပေါတပ်မတော်က ယနေ့နံနက်ပိုင်းတွင် ကြေညာသည်။
အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၂၈ ဦး ထပ်မံတွေ့ရှိ
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၂၈ ဦး ထပ်မံတွေ့ရှိခဲ့သည့်အတွက် ရောဂါကူးစက်ခံ ရသူပေါင်း ၄၃၁၅၃၀၄၃ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ကိန်းဂဏန်းများအရ သိရသည်။