အရှေ့တောင်အာရှနိုင်ငံများတွင်  ပြည်ပခရီးသွားများအား ကိုဗစ်ဆိုင်ရာကန့်သတ်ချက်များ ဖြေလျှော့

အရှေ့တောင်အာရှနိုင်ငံများသည် ၎င်းတို့၏စီးပွားရေးကို မြှင့်တင်ရန် နိုင်ငံခြားခရီးသွားဧည့်များအား ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်များဖြေလျှော့ပေးခဲ့ကြသည်။
ဂျပန်နိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်သဖြင့် လူသုံးဦးသေဆုံး
ဂျပန်နိုင်ငံတွင် ယမန်နေ့ညပိုင်းက ပြင်းအား ၇ ဒသမ ၄ ပမာဏရှိ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားသဖြင့် လူသုံးဦးသေဆုံးပြီး လူပေါင်း ၁၉၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ 
မလေးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၂၈၂၉၈ ဦး ထပ်မံတွေ့ရှိ
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၂၉၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၃၉၀၀၄၃၃ ဦးရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
နျူကလီးယားအရေး ဆွေးနွေးပွဲတွင် သဘောတူညီချက်များ လျင်မြန်စွာရရှိရေး ရုရှားနှင့်အီရန် လက်တွဲဆောင်ရွက်သွားမည်
ရုရှားနှင့်အီရန်တို့သည် အီရန်နျူကလီးယား သဘောတူညီချက် အလျင်အမြန် ပြန်လည်ရရှိရေးအတွက် လက်တွဲ ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က မတ်လ ၁၆ ရက်နေ့တွင် ပြောကြားသည်။ ။
နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ပြေးဆွဲမှုတိုးချဲ့ရန် အစ္စရေးနှင့် အီဂျစ်တို့ သဘောတူညီ
အစ္စရေးနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲမှုကို တိုးချဲ့ရန် သဘောတူညီခဲ့ပြီး တဲလ်အဗစ်မြို့နှင့် ရှမ်အီလ်ရှိတ်ခ်မြို့တို့အကြား တိုက်ရိုက်လေကြောင်း လိုင်းသစ်ပြေးဆွဲမှုကို မကြာမီကာကအတွင်း စတင်ရန် သဘောတူညီခဲ့ကြောင်း အစ္စရေးနိုင်ငံက မတ် ၁၆ ရက်တွင် ပြောကြားသည်။
ကမ္ဘာ့ရေနံဈေးကွက်ကို တည်ငြိမ်အောင် လုပ်ဆောင်သွားမည်ဟု ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး ပြောကြား
ဆော်ဒီအာရေဗျက ကမ္ဘာ့ရေနံဈေးကွက်ကို တည်ငြိမ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်ဘင် ဖာဟန်အယ်လ် ဆော်ဒ်က မတ် ၁၆ ရက်က ပြောကြားလိုက်သည်။
ဘရူနိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူ ၁၁၄၃၇၁ ဦးရှိလာ
ဘရူနိုင်းနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၇၈ ဦးရှိပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၁၁၄၃၇၁ ဦးအထိရှိလာသည်။