ဇင်ဘာဘွေနိုင်ငံ၌ ကလေးငယ်လေးသန်းကို ရည်ရွယ်ကာ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေး လှုပ်ရှားမှုစတင်
ဇင်ဘာဘွေအစိုးရသည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်းကာ အသက် ၁၀ နှစ်အောက် ကလေးငယ် လေးသန်းခန့်ကို ရည်ရွယ်၍ နိုင်ငံတစ်ဝန်း ပိုလီယိုကာကွယ် ဆေးတိုက်ကျွေးလှုပ်ရှားမှုကို ဖေဖော်ဝါရီ ၂၀ ရက်တွင် စတင်လိုက်ကြောင်း သိရသည်။








