ဂျပန်နိုင်ငံ၌ နှင်းထူထပ်စွာကျဆင်းမှုကြောင့် လူပေါင်း ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရ
ဂျပန်နိုင်ငံအရှေ့ပိုင်းတွင် ဆီးနှင်းများထူထပ်စွာကျဆင်းမှုကြောင့် လူအများအပြား ချော်လဲပြုတ်ကျခဲ့ပြီးနောက် ယနေ့မနက်ပိုင်းအထိ ထိခိုက်ဒဏ်ရာရသူ ၁၀၉ ဦးကို တိုကျိုရှိဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။






