အိန္ဒိယနိုင်ငံရှိ  ရှူးဖိနပ်စက်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက်  လူခြောက်ဦးပျောက်ဆုံးနေ

အိန္ဒိယနိုင်ငံ အနောက်ဒေလီရှိ ရှူးဖိနပ်စက်ရုံ၌ ယနေ့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် လူခြောက်ဦးထက် မနည်း ပျောက်ဆုံးနေသည်ဟု အကြီးတန်းမီးသတ်ဦးစီးဌာနအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း မီရာဂီစီရင်စု၌  တိုကျိုအိုလံပစ်မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်
ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း မီရာဂီစီရင်စု၏ ကမ်းရိုးတန်းဒေသများတွင် တိုကျိုအိုပံပစ်မီးရှူးတိုင် လက်ဆင့်ကမ်း သယ်ဆောင်ခြင်းကို ဇွန် ၁၉ ရက်က စတင်လုပ်ဆောင်ခဲ့သည်။
ဘရာဇီးနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ၁၀၂၅ ဦး ထပ်မံသေဆုံး
ဘရာဇီးနိုင်ငံတွင် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၁၀၂၅ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူဦးရေ ၅၀၁၈၂၅ အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။
ကနေဒါနိုင်ငံ၌ မွေးနေ့ပွဲပါတီတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် ကလေးသုံးဦးအပါအဝင် လေးဦး ဒဏ်ရာရ
ကနေဒါနိုင်ငံ၌ နေအိမ်ပြင်ပတွင်ကျင်းပသော မွေးနေ့ပွဲပါတီတစ်ခုတွင် ဇွန် ၁၉ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကလေးသုံးဦးနှင့် လူကြီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။
အီသီယိုးပီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇၄ ဦး ထပ်မံတွေ့ရှိ
အီသီယိုးပီးယားနိုင်ငံတွင် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၇၄ ဦး ထပ်မံတွေ့ရှိခဲ့သည်။
ဟွန်ဒူးရပ်စ်အကျဉ်းထောင်၌ ပဋိပက္ခဖြစ်ပွားမှုကြောင့် အကျဉ်းသား ငါးဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရ
ဟွန်ဒူးရပ်စ်နိုင်ငံ အရှေ့ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် ယမန်နေ့က ပြိုင်ဘက်ဂိုဏ်းများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့သဖြင့် အကျဉ်းသားငါးဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရားရေးအာဏာပိုင်များက ပြောကြားသည်။
ရုရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း Delta ကူးစက်သူဦးရေ ၁၄၀၀၀ ကျော်ရှိသဖြင့် ကူးစက်မှုမြင့်မား
ရုရှားနိုင်ငံအာဏာပိုင်များက အိန္ဒိယနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သည့် ကိုဗစ်-၁၉ ဗီဇပြောင်း Delta ကူးစက်မှုများ ပြန်လည်ဖြစ်ပွားနေကာ ရုရှားနိုင်ငံအတွင်း ကူးစက်မှုလျင်မြန်စွာ ဖြစ်ပွားနေသည်ဟုဆိုသည်။