ဗြိတိန်မှာ ပြင်သစ်ဆေးကုမ္ပဏီ Valneva ထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှု စတင်

ပြင်သစ်- ဩစတြီးယား ဆေးကုမ္ပဏီ Valneva ထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအား ဗြိတိန်နိုင်ငံတွင် စတင်စမ်းသပ်မှု ပြုလုပ်မယ်လို့ ဆေးကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
အာဖဂန်မြို့တော် ကဘူးလ်တွင် သံလိုက်ဗုံး ပေါက်ကွဲမှုကြောင့် ကားတစ်စီး ထိမှန်ကာ လူနှစ်ဦး ဒဏ်ရာရ
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် ယနေ့ သံလိုက်ဗုံး ပေါက်ကွဲမှုကြောင့် ကားတစ်စီး ထိခိုက်မှု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာဒေါ့ ဖာရာမာဇ် က ဆိုသည်။
တိုကျိုတွင် ကိုဗစ်-၁၉ ရောဂါကုဆေးရုံသစ် ဖွင့်လှစ်
တိုကျိုမြို့တွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာ မပြင်းထန်သူများကို သီးသန့်ကုသရန် ဆောက်လုပ်ထားသော ဆေးရုံအသစ်တစ်လုံး ယနေ့တွင်ဖွင့်လှစ်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မက်နာမြစ်အတွင်း လှေနစ်မြုပ်မှုတွင် သတို့သမီး အပါအဝင် မင်္ဂလာပွဲ တက်ရောက်သူ ခုနစ်ဦး ထက်မနည်း သေဆုံး
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်၏ အရှေ့တောင်ဘက် ၁၅၈ ကီလိုမီတာအကွာ နိုအာခါလီခရိုင်ရှိ မြစ်တစ်စင်းတွင် သတို့သမီးအပါအဝင် မင်္ဂလာပွဲသို့ တက်ရောက်သူ ခုနစ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ချက်နိုင်ငံတွင် ခရစ္စမတ်အချိန်မှာ ညမထွက်ရ အမိန့်ထုတ်ပြန်
ချက်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရန်အတွက် နိုင်ငံတစ်ဝန်းမှာ ခရစ္စမတ်ချိန်အတွင်း စားသောက်ဆိုင်တွေနဲ့ ဘားတွေအား ပိတ်ခိုင်းထားသလို ညမထွက်ရ အမိန့်လည်း ထုတ်ပြန်ကြောင်း တနင်္လာနေ့က ပြောကြားပါတယ်။
နယ်သာလန် နိုင်ငံမှာ ခရစ္စမတ်အချိန် အပါအဝင် သီတင်း ၅ ပတ် အသွားအလာ ကန့်သတ်ထားမယ်လို့ ထုတ်ပြန်
နယ်သာလန် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန်အတွက် ကျောင်းတွေနဲ့ အရေးမကြီးတဲ့ ပစ္စည်းအရောင်းဆိုင်တွေပါ သီတင်း ၅ ပတ်ပိတ်ရန် ဝန်ကြီးချုပ် က တနင်္လာနေ့မှာ ညွှန်ကြားထားကြောင်း သိရပါတယ်။
ဉရောပ သမဂ္ဂ က ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးအား အသုံးပြုခွင့်ပေးရန် ဂျာမနီ တိုက်တွန်း
ဂျာမနီနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု များနေတဲ့အတွက် ဉရောပသမဂ္ဂကနေ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး အသုံးပြုခွင့်ပေးရန်  တိုက်တွန်းထားကြောင်း ဒီနေ့(အင်္ဂါနေ့) ထုတ် သတင်းတွေအရ သိရပါတယ်။