တူရကီသမ္မတ ရီဆက်တိုင်ရက် အာဒိုဂန်က ၎င်းတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း ပြောကြားခဲ့ သည်။ သမ္မတအာဒိုဂန်က၎င်းတို့ ဇနီးမောင်နှံနှစ်ဦးလုံးတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်းနှင့် အိုမီခရွန်၏ အပျော့စားလက္ခဏာများသာ ခံစားရကြောင်း တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ တူရကီသမ္မတသည် ဖေဖော်ဝါရီ ၃ ရက်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနှင့် ကီယက်ဗ်မြို့၌ တွေ့ဆုံခဲ့သည်။ ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကြား တင်းမာမှုများကို ဖြေလျှော့ပေးရန်အတွက် ကြားဝင်ဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်း အာဒိုဂန်က ၎င်း၏ သဘောဆန္ဒကိုဖော်ပြခဲ့ပြီး နေအိမ်၌ပင် အလုပ်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတက ပြောသည်။