အွန်လိုင်း သင်ခန်းစာ သင်ယူမယ့် ကျောင်းသားများအား အမေရိကန်ဗီဇာ မပေးတော့ကြောင်း ထုတ်ပြန်
အမေရိကန်နိုင်ငံမှာ ဆောင်းဦးတွင် စတင်မယ့် ပညာသင်နှစ်ကို အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးရန် စီစဉ်နေတဲ့ ကျောင်းတွေမှာ ပညာသင်ယူမယ့် ကျောင်းသားတွေအား ပြည်ဝင်ခွင့်ဗီဇာ မပေးတော့ကြောင်း တနင်္လာနေ့က ကြေညာပါတယ်။