ပေါ်တူဂီနိုင်ငံ၌ အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ်များအား ကာကွယ်ဆေးထိုးနှံပေးမှု စတင်
ပေါ်တူဂီနိုင်ငံ၌ အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုကို ဒီဇင်ဘာ ၁၈ ရက်တွင် စတင်ခဲ့ကြောင်း ပေါ်တူဂီကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ်ရုံးက ပြောကြားသည်။


