ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူနှင့် ထိစပ်မှုရှိသဖြင့် ဘရာဇီးသမ္မတ သီးသန့်ခွဲခြားနေထိုင်
ဘရာဇီးသမ္မတ ဘော်ဆိုနာရိုသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ကျန်းမာရေးဝန်ကြီး မာစီလိုကီရိုဂါနှင့် ထိစပ်မှုရှိသဖြင့် နောက်ထပ်ငါးရက်ကြာ သီးသန့်ခွဲခြားနေထိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။







