ထိုင်းနိုင်ငံက ရေတံခွန် တစ်ခုမှာ selfie ရိုက်ရင်း ခြေချော်ပြီး ပြင်သစ် ခရီးသွားတစ်ဦး သေဆုံး

ထိုင်းနိုင်ငံရှိ ကိုရ်ဆမွင်အီ (Koh Samui) ကျွန်းရှိ နာမောင်-၂ ရေတံခွန်ပေါ်ကနေ အသက် ၃၃ နှစ်အရွယ် ပြင်သစ်ခရီးသွားတစ်ဦး selfie ရိုက်ဖို့ကြိုးစားရင်း ချော်ကျပြီး သေဆုံးကြောင်း ဒီကနေ့ (သောကြာနေ့)က ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားပါတယ်။
အင်ဒိုနီးရှား ရဲစခန်း တစ်ခုကို အသေခံ ဗုံးခွဲတိုက်ခိုက်ရာ တစ်ဦး သေဆုံး ခြောက်ဦး ဒဏ်ရာရ
အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းပေါ်က ရဲစခန်းတစ်ခုကို အသေခံ ဗုံးခွဲတိုက်ခိုက်ရာ အသေခံ ဗုံးခွဲသူ သေဆုံးပြီး ရဲအရာရှိများ ဒဏ်ရာရရှိခဲ့ပါတယ်။ ယနေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့များ တန်းစီချိန်မှာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဖီလစ်ပိုင်နိုင်ငံတွင် ကူးတို့သင်္ဘောမှောက် လူ ၅၉ ဦး ကယ်ဆယ်နိုင်
ဖိလစ်ပိုင်နိုင်ငံ ဆီဗူးကျွန်းမှာ ကူးတို့သင်္ဘောမှောက်ရာ လူ ၅၉ ဦးကို ကယ်ဆယ်နိုင်ပြီး သုံးဦးကတော့ ကမ်းခြေကို ကူးသွားနိုင်ကြောင်း သိရပါတယ်။
ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ကို ထိုင်းနိုင်ငံက ဝင်ခွင့်မပြုလို့ ဝန်ကြီးချုပ်ပြော

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ သူပုန်လို့ ယူဆရသူတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၅ ဦး သေဆုံး
ထိုင်းနိုင်ငံ တောင်းပိုင်မှာ မူဆလင်သူပုန်လို့ ယူဆရသူတွေက တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရှိခဲ့ကြောင်း စစ်တပ် ပြောရေးဆိုခွင့်ရသူက ဒီကနေ့ ပြောကြားပါတယ်။
ဖိလစ်ပိုင်တောင်ပိုင်းမှာ အင်အားပြင်းငလျင် ထပ်မံလှုပ်ခတ်
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ အင်အားပြင်း ငလျင်တစ်ခု ဒီကနေ့ လှုတ်ခတ်ခဲ့ပါတယ်။ ကနဦး သတင်းအရ အနည်းဆုံး လူ ၄ ဦး သေပြီး ၈ ဦး ဒဏ်ရာရကြောင်း သိရပါတယ်။
ဖိလစ်ပိုင်တောင်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် လူ ၆ ဦး သေဆုံး
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မင်ဒါနာအိုကျွန်းမှာ အင်္ဂါနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားရစ်(ခ်)တာ စကေး ၆ ဒသမ ၆ ရှိ ငလျင်ကြောင့် လူ ၆ ဦး သေဆုံးပြီး အနည်းဆုံး ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။