အင်ဒိုနီးရှားအနောက်ပိုင်းတွင် ရေလွှမ်းမိုးမှု၊ မြေပြိုမှုများကြောင့် လူ ၁၂ ဦးသေဆုံးပြီး ရှစ်ဦးပျောက်ဆုံးနေ
အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာနှင့် နိုင်ငံအနောက်ပိုင်းရှိ ဘန်ကူလူ ပြည်နယ်တို့တွင် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ပြီး ရှစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။ လူတစ်သောင်းခွဲနီးပါးတို့မှာ နေအိမ်များမှထွက်ခွာကာ ဘေးလွတ်ရာ အမိုးအကာများအောက်တွင် ခိုလှုံနေကြရသည်ဟု သဘာဝဘေးဆိုင်ရာ အာဏာပိုင်အဖွဲ့က ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။







