စည်းကမ်းတကျနဲ့ စိတ်ဓာတ်ကောင်းပြီး ခံယူချက်ပြင်းထန်တဲ့ အားကစားသမားတွေ ဖြစ်လာပြီဆိုရင် ကျွန်မတို့မီခဲ့ဖူးတဲ့ ရွှေခေတ်ကို တစ်ကျော့ပြန်ရဖို့ အသေအချာပါပဲ . . .

မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို ဆီးဂိမ်းကနေအာရှအဆင့်၊ အာရှအဆင့်ကနေ ကမ္ဘာ့အဆင့်ထိ ရောက်အောင် ဆက်လက်ပြီးကြိုးစားသွားမှာပါ (ဦးခင်မောင်ဝင်း)

ဘယ်အားကစားပဲဖြစ်ဖြစ် ကြိုးစားဖို့၊ လေ့ကျင့်ဖို့၊ ဇွဲရှိဖို့ လိုအပ်သလို တစ်ဖက်မှာလည်း နာခံမှု၊ လေ့လာမှုတွေကလည်း အများကြီးလိုပါတယ် (ဒေါ်ခင်အုန်း)  

လူငယ်မျိုးဆက်သစ်အားကစားသမားတွေ ပေါ်ထွက်လာဖို့အတွက်ကတော့ ပြိုင်ပွဲတွေ များများကျင်းပပေးနိုင်ဖို့လိုပါတယ် (ဦးကျော်ထူးအောင်)

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှာ မြန်မာ့သိုင်းပြိုင်ပွဲကို ပါဝင်ကျင်းပပေးတာဟာ မြန်မာ့ရိုးရာသိုင်းပညာပိုမိုအဆင့်မြင့်မားလာပြီး အရှေ့တောင်အာရှအထိ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ပထမခြေလှမ်းတစ်လှမ်းဖြစ်ပါတယ် (ဦးစိန်ဝင်း)

 

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရဲ့ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို စာရင်းကောက်ယူ မှတ်တမ်းပြုစုထားတာ လက်ရှိမှာ နှစ်ထောင့်နှစ်ရာကျော် ရှိနေပါပြီ (ဒေါ်စန္ဒာခင်)